နှလုံးသားလွင်ပြင်မှာ
အချစ်တွေကိုတူဆွ
အလွမ်းတွေကိုဘောင်ခတ်
မျှော်လင့်ခြင်းတွေဆွတ်ဖြန်းပြီး
တစ်သက်မှတခါ
ရှင်သန်ဖူးပွင့်ရမယ့်
အချစ်တော်ဝင်ပန်းလေးမို့ 
ကောင်မလေးရေ
မင့်လေးကိုဆက်သခွင့်ရမယ်ဆိုရင်
မင့်ရဲ့ အချစ်
ကြင်နာယုယမှုတွေနဲ့
မင့်ရဲ့  နွေးထွေးတဲ့ရင်ခွင်မှာ
ထာဝစဉ်ရှင်သန်ဖူးပွင့်ခွင့်ပေးပါ
Jul 6, 2008
ချစ်တော်ဝင်
နှလုံးသားလွင်ပြင်မှာ
အချစ်တွေကိုတူဆွ
အလွမ်းတွေကိုဘောင်ခတ်
မျှော်လင့်ခြင်းတွေဆွတ်ဖြန်းပြီး
တစ်သက်မှတခါ
ရှင်သန်ဖူးပွင့်ရမယ့်
အချစ်တော်ဝင်ပန်းလေးမို့ 
ကောင်မလေးရေ
မင့်လေးကိုဆက်သခွင့်ရမယ်ဆိုရင်
မင့်ရဲ့ အချစ်
ကြင်နာယုယမှုတွေနဲ့
မင့်ရဲ့  နွေးထွေးတဲ့ရင်ခွင်မှာ
ထာဝစဉ်ရှင်သန်ဖူးပွင့်ခွင့်ပေးပါ
ဆောင်းရာသီနေ့ရက်
နေရောင်ပျောက်တဲ့  နံနက်ခင်းမှာ
နိုးထခြင်းနဲ့ အတူ
ပြင်တင်းပေါက်ကိုဖွင့်ကြည့်တော့ 
ရိုးတန်ကျဲကျဲ သစ်ပင်တွေကြားမှာ
အဖြူရောင်နှင်းတွေတဖွဲဖွဲကျလို့ 
ဆောင်ရာသီလေပြေညှင်းက
ချမ်းအေးမှုနှင့်အဝေးက
အလွမ်းတွေကိုဆာင်ယူခဲ့ တယ်
ကောင်မလေးရေ
မျှော်လင်းခြင်းတွေအပြည့်နဲ့ 
ဆောင်ရာသီရဲ့ အအေးဒဏ်ကို
အဖြူရောင်မြူနှင်းတွေနှင့်ရင်ဆိုင်လိုက်ချင်တယ်
တကယ်တမ်းတော့ ဆောင်းရာသီနေ့ရက်တွေက
မျှော်လင်းခြင်းတွေပြည့်နေတဲ့ 
အလွမ်းကမ္ဘာကြီးတခုလိုပါဘဲကွာ
ကောင်မလေးရေ
ရှည်လျားတဲ့ ဆောင်ရာသီရဲ့ နေ့ရက်တွေမှာ
အဖြူရောင်မြူနှင်းတွေနဲ့ အတူ
မင်းတစ်ယောက်ထဲကိုဘဲလွမ်းနေမိတယ်ဆိုတာ
ယုံကြည်ပေးပါ
တစ်ယောက်ထဲအလွမ်း
ကောင်မလေးရေ
လွမ်းရတဲ့ ညများစွာမှာ
သန်းခေါင်ယံငွေလမင်းနဲ့ အတူ
ကြယ်စဉ်ကိုရေတွက်ရင်း
အိပ်မောကျခဲ့ ရသူပါ
ကောင်မလေးရေ
သတိရမိတဲ့ မနက်တိုင်းမှာ
အေးမြတဲ့ လေပြေညှင်းနဲ့ အတူ
ငှက်ကျေးရဲ့ တေးသံကိုနားထောင်ရင်း
နိုးထလာခဲ့ရသူပါ
ကောင်မလေးရေ
လွမ်းဆွေးရတဲ့ နေညိုချိန်မှာ
တစ်ယောက်ထဲအထီးကျန်ဆန်ခြင်းနဲ့ အတူ
ဝေးကွာလွန်းတဲ့ မိုးနဲ့ မြေကြီးကိုကြည့်ရင်း
မိုးကုပ်စက်ဝိုင်းတနေရကိုသွားချင်နေခဲ့ သူပါ---
ချစ်သူ့ ကဗျာ
မြင်နိုင်မယ်ဆို ကြည်လည့်ပါ
ချစ်သူရယ်
ရင်ထဲကနှလုံးသားကမ္ဘာငယ်က
အချစ်သူရဲကောင်းတွေလို
အချစ်ကမ္ဘာကြီးလို့  မတင်စားလောက်ပေမယ်.
ချစ်သူအတွက် သီသန့်ချစ်ကမ္ဘာလေးပါ
ကြားနိုင်မယ်ဆို နားဆင်လည့်ပါ
ချစ်သူရယ်
ရင်ထဲက မင့်ပုံရိပ်တွေထပ်နေတဲ့ 
နှလုံးခုန်သံတွေက
ကမ္ဘာကျော်ဂီတသံစဉ်တွေလောက် မချိုမြိန်ပေမယ့်
ချစ်သူအတွက် မျှော်လင့်ခြင်းရင်ခုန်သံစဉ်တွေပါ
ယုံကြည်မှုတွေပေးနိုင်မယ်ဆို ပေးခဲ့ ပါ
ချစ်သူရယ်
မျှော်လင့်ခြင်းတွေရှေ့ဆက်ပြီ ရင်ခုန်ခြင်းတွေနဲ့ 
ချစ်သူရဲ့ အချစ် ၊ကြင်နာမှုတွေကို ရချင်ခဲ့မှုတွေက
ကမ္ဘာကျော်စာရေးဆရာတွေလောက်မရေးဖွဲ့ မသီကုံးတတ်ပေမယ့်
ချစ်သူအတွက်ကြိုးစားပြီးရေးခဲ့ တဲ့ ကဗျာတစ်ပုဒ်ပါ---ံ့
ပထမဆုံးအချစ်
နွေထွေးသောနေရောင်ခြည်တို့ ကလွှမ်းခြုံလျှက်သာယာ ကြည်နူးဖွယ်ကောင်းသော နံနက်ခင်းမှာလေပြေညင်း
တို့ တိုက်ခတ်လျှက်ရှိပါသည်။ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ နံနက်ခင်းမှာ လူငယ်တစ်ယောက်ပျော်ရွှင်မှု
ကင်းမဲ့ သောမျက်နှာနဲ့တစုံတယောက်ကိုမျှော်နေသလို၊သူ၏ဘေးတွင်ပျော်ရွှင်ရယ်မောနေကြသောထိုသူ၏ သူငယ်ချင်းများ ဟုယူဆရသောလူငယ်တစု၊ မနီးမဝေးတွင်အသက်၄၅နှစ်ခန့် ရှိမည့် ထိုသူ၏ အမေဟု ယူဆရ သောအမျိုးသမီးတဦးတို့ ဘူတာရုံ၏တခုသောနေရာမှာရပ်နေလျှက်ရှိပါသည်။ ထိုလူငယ်လေးမှာ တစုံတခုကိုဆိုးရိမ်ပူပန် နေသလို။ သူဘာကိုဆိုရိမ်နေပါလိမ့်၊ရထားထွက်ဖို့ ၄၅ မိနစ်သာလိုသောအချိန်တွင် ထိုလူငယ်
လေး ညိုးငယ်သောမျက်နှာမှ တစုံတရာကို လှမ်းမြင်လိုက်၍ ပြုံးယောင်တမ်းလာ၏။သူမြင်လိုက်သောအရာမှာ
သူ၏အနားသို့ လျှောက်လှမ်းလာသော မိန်းမငယ်လေးတဦး။ထိုအချိန်မှာကောင်လေးတစ်ယောက်ပျော်ရွှင်
နေ၏။ကောင်မလေးမှာလူငယ်လေး၏အသိကောင်မလေးဖြစ်၏။ကောင်မလေးရောက်လာသောအခါ
" ဝေယံ နင်စောင့်နေတာ ကြာပြီလား ဆော်ရီးနော်။ရပါတယ်ကေသီ မလာလို့ စောင်နေတာအမှန်ပါ။မလာမှာ
ကိုစိုးရိမ်နေတာဟ။ကျေးဇူတင်ပါတယ်ကေသီ။ငါကိုလိုက်ပို့ တဲ့အတွက်။ ဝေယံ နင်ငါဆီစာရေးပါလာ နင်တို့ ရဲ့ 
လေ့လာရေးခရီးမှာ ။အင် ရေးမယ်လေ။ရော့ -အဲဒါ ငါလိပ်စာကဒ်" ကေသီက သူမ၏အိတ်ထဲမှ ကဒ်တစ်ကဒ် ထုတ်ပေးလိုက်၏။ အဲဒီနောက်ဝေယံမှာစကားတွေပြောချင်သော်လဲ ကေသီမှာစကားမပြောဘဲရထား ထွက် သည်အထိ ငြိမ်နေခဲ့ ၏။မကြာခင်လေ့လာရေးထွက်သော ကျောင်းသားလူငယ်တစု ရထားနဲ့ ထွက်ခွါသွား၏။
ရထားပေါ်မှာ ပျော်ရွှင်မှုများနဲ့ ဝေယံ "ကေသီက ငါကိုစာရေးခိုင်းတယ်။ငါအရမ်းချစ်နေတာသူသိလို့ စာ
ရေးခိုင်းတာနေမှာ။ဟုတ်ပြီတနေ့ တစ်စောင်ရေးရမယ်။အဲဒါမှ ငါရဲ့ ပထမဆုံးအချစ်ကိုသူသိမှာ။ငါပြန်ရင်သူကိုလက်ထပ်မယ်။အဲဒါကိုစာထဲမှာထည့်ရေးရမယ်။"မကြာမီ ရထားမှာမြို့ ကိုရောက်လာ၏။ရောက်ရောက်ချင်း
ဝေယံတစ်ယောက် ပုံစံတူ စာအိတ် အခု ၃၀ တံဆိပ်ခေါင်း အခု ၃၀ ၀ယ်ခဲ့ ၏။ချက်ချင်းပင် စာတစ်စောင်
ရေးလိုက်၏။စာထဲမှာလမ်းမှာတွေ့ ရသောအတွေ့ အကြုံ များ စာ၏နောက်ဆုံးမှာ သူမကို ဘယ်လောက်ချစ်
ကြောင်းရေးခဲ့ ၏။နေစဉ်နဲ့ အမျှ ကေသီကို စွဲလန်းသတိရနေမိ၏။အစပိုင်းမှာလေလာရေးအကြောင်းရေပေမယ့်
နောက်ဆုံးမှာမရေးဖြစ်တော့ ဘဲ ကေသီကို ဘယ် လောက်ချစ်တယ် ။ဘယ်လောက်မြတ်နိုးတယ်။ ဘယ်လောက်စွဲလန်းတယ်ဆို တဲ့ အကြောင်းတာရေးခဲ့ ၏။နောက်ဆုံးစာတစ်စောင်မှာ-------
" ကေသီ နင့် ကို အရမ်းချစ်တယ် ။ ငါပြန်လာရင် နင့် ကိုလက်ထပ်ချင်တယ်။အဲဒီအခါကျရင် ငါကို အဖြေပေးပါ
နော် ---ဝေယံ" လေ့လာရေးပြီးဆုံး၍ ဝေယံတို့ အဖွဲ့  ပြန်လာကြ၏။ဘူတာမှာ ဝေယံမိဘတွေ၊သူငယ်ချင်းအသိ
မိတ်ဆွေများလာကြိုကြ၏။သို့ သော် ဝေယံမှာ ကေသီကို သာလိုက်ရှာနေမိ၏။တွေ့ သမျှလူတိုင်းကို ကေသီဟုသာထင်နေမိ၏။ တကယ်တမ်းကျတော့ ကေသီရောက်လာပါတယ် ။ဒါပေမယ့် ကေသီမှာ ဘူတာရုံ
အနီးမှာ လူတယောက်နဲ့ စကားပြောနေ၏။ဝေယံတစ်ယောက် ကေသီကိုမြင်သောအခါ ကေသီရှိရာသို့ ပြေ
လာခဲ့ ၏။"ကေသီ" နင် ငါပို့ တဲ့ စာရလား။ရတယ်လေ -ဒီမှာ အစောင် ၃၀ ။ ငါနင့် စာတွေမဖတ်ဘူးနော်။
နင်မသိဘူးလား။ငါ တံဆိပ်ခေါင်းစုဆောင်းတာဝါသနာ ပါတယ်ဆိုတာ ။အင့် စာတွေက တံဆိပ်ခေါင်းတွေက အတူတူ တွေဘဲ ။စိတ်ဝင်စားဖို့ မကောင်းဘူး။အဲဒါကြောင့်ငါမဖတ်ဖြစ်ဘူး။ သြော် မိတ်ဆက်ပေးရဦးမယ်။
သူက ငါအမျိုးသားလေ ။သူနာမည်က အာကာတဲ့  ။တွေရသာဝမ်းသာပါတယ် ။ရော့  နင် စာတွေ ပြန်ယူ။
ငါမဖတ်ဘူးနော်။ အာကာက ငါလို ဘဲ တံဆိပ်ခေါင်းဆုတာဝါသနာပါတယ်။ အဲဒီအချိန်မှာ---
အာကာက "မင်းငါ့ မိန်းမဆီကို ဘာလို့ စာရေးတာလဲ ။ဝေယံတစ်ယောက် သူတို့ အတွက် အဖြေမရှိ
ငါရဲ့ ပထမဆုံးအချစ်က ကံမကောင်းပါလား**********@@@@@@@@@@*********
ကြေကွဲခြင်း ၊၀မ်းနည်းခြင်း၊ ပေါက်ကွဲမှုတို့ ကို မြိုသိပ်ရင်း နောက်လည့်ထွက်ခဲ့ ပါတော့  သည်။
SUNDAY
Subscribe to:
Posts (Atom)



