Sep 23, 2008

ကြယ်စင်သစ်ရဲ့ စာမျက်နှာ
Get MORE skins on fancygens.com
ကြယ်စင်သစ်ရဲ့ စာမျက်နှာ
“ဆန္ဒ” ကောင်မလေးရေ….. နေပူပူ အောက်မှာ ပြောပေမယ့် ရင်မှာအေးမြနေပါတယ်… သူများတွေကို ကြည့်ရင် ငါလဲအားကျမိပါတယ်။ မင်းရဲ့လက်ကိုတွဲပြီး လျှောက်ချင်တယ်။ မင်းရဲ့ခေါင်းလေးကို ငါ့ပုခုံးမှာ မှီစေချင်တယ်။ မင်းရဲ့ ပုခုံးလေးကိုလဲ ဖက်ထားချင်တယ်။ မင်းရဲ့ဆံနွယ်လေးတွေ နမ်းရှိုက်ကြည့်ချင်တယ်။ ရှက်တတ်တဲ့ မျက်နှာလေး ကြည့်နေချင်တယ်။ ချစ်သူ….. တစ်ကြိမ်တစ်ခါတော့ ငါ့ကိုချစ်ခွင့်ပေးပါလား……။ ကိုသူ

Sep 16, 2008

တစ်ယောက်ထဲရှိတဲ့အချိန်

တစ်ကောက်ထဲနေရတဲ့အခါ ကောင်မလေးရေ မင်းလေးကို သတိရနေမိတယ် လွမ်းဆွတ်ခြင်းတွေနဲ့ ကောင်ကင်ပြာပေါ်မှာ မင်းလေးရဲ့အလှတချို့ကို အတွေးပန်ချီရေဆွဲနေမိတယ် တခါတလေမှာတော့ မင်းလေးအတွက် အလွမ်းသန့်သန့် ကဗျာတချို့ကိုရေဖွဲ့နေမိတယ် ပုံမှန်ခုန်နေတဲ့ နှလုံးခုန်သံတွေက လွမ်းဆွတ်မှုကိုအခြေခံပြီး ဂီတသံစဉ်တွေဖြစ်ပေါ်တဲ့အခါမှာတော့ မင်နဲ့တွေ့ဆုံချိန်မှာဆိုပြဖို့ မဆုံးတဲ့တေးသွား သံစဉ်စာသားလေးတွေကိုသီဆိုနေမိတယ် ကောင်မလေးရေ တစ်ယောက်ထဲနေရတဲ့အခါ မင်းလေးကိုပြန်ဖတ်ပြဖို့ ချစ်သူမှတ်တမ်း အလွမ်းဒိုင်ယာရီစာတမ်းလေးတွေရေးနေမယ် တစ်ယောက်ထဲရှိတဲ့ ညကမ္ဘာမှာတော့ မဟူရာကောင်းကင်မှာ ငွေစန္ဒာကိုထွန်းညှိပြီး ကြယ်စဉ်ကိုရေတွက်ရင်း ကောင်မလေးကိုလွမ်းနေမယ်

Sep 4, 2008

ချစ်သူ ဒိုင်ယာရီ

တည်ငြိမ်တိတ်ဆိတ်နေတဲ့  နှလုံးသားကို ရင်ခုန်မှုသံစဉ်တွေထွက်ပေါ်လာအောင် တီခတ်နိုင်တဲ့ ကောင်မလေးရေ မင်းလေးရဲ့အကြည့်  မင်းလေးရဲ့နတ်ပန်ချီရှုံးတဲ့ အလှ မင်းလးရဲ့ နှင်းဆီရောင်နှုတ်ခမ်း ချိုမြိန်တဲ့စကားသံတွေနဲ့ မင်းလေးရဲ့ဆွဲဆောင်ညို့ ငင်မှုတွေရဲ့နောက်ကွယ်မှာ မင့် လေးကို ချစ်နေမိပြီ
အလည်လာသောသူငယ်ချင်းများကို အထူးကျေးဇူးတင်ရှိပါသည်