Get MORE skins on fancygens.com
Tuesday, September 23, 2008

“ဆန္ဒ”
ကောင်မလေးရေ…..
နေပူပူ အောက်မှာ ပြောပေမယ့်
ရင်မှာအေးမြနေပါတယ်…
သူများတွေကို ကြည့်ရင်
ငါလဲအားကျမိပါတယ်။
မင်းရဲ့လက်ကိုတွဲပြီး လျှောက်ချင်တယ်။
မင်းရဲ့ခေါင်းလေးကို ငါ့ပုခုံးမှာ မှီစေချင်တယ်။
မင်းရဲ့ ပုခုံးလေးကိုလဲ ဖက်ထားချင်တယ်။
မင်းရဲ့ဆံနွယ်လေးတွေ နမ်းရှိုက်ကြည့်ချင်တယ်။
ရှက်တတ်တဲ့ မျက်နှာလေး ကြည့်နေချင်တယ်။
ချစ်သူ…..
တစ်ကြိမ်တစ်ခါတော့
ငါ့ကိုချစ်ခွင့်ပေးပါလား……။
ကိုသူ
Tuesday, September 16, 2008
တစ်ယောက်ထဲရှိတဲ့အချိန်
တစ်ကောက်ထဲနေရတဲ့အခါကောင်မလေးရေ
မင်းလေးကို သတိရနေမိတယ်
လွမ်းဆွတ်ခြင်းတွေနဲ့
ကောင်ကင်ပြာပေါ်မှာ
မင်းလေးရဲ့အလှတချို့ကို
အတွေးပန်ချီရေဆွဲနေမိတယ်
တခါတလေမှာတော့
မင်းလေးအတွက် အလွမ်းသန့်သန့်
ကဗျာတချို့ကိုရေဖွဲ့နေမိတယ်
ပုံမှန်ခုန်နေတဲ့ နှလုံးခုန်သံတွေက
လွမ်းဆွတ်မှုကိုအခြေခံပြီး
ဂီတသံစဉ်တွေဖြစ်ပေါ်တဲ့အခါမှာတော့
မင်နဲ့တွေ့ဆုံချိန်မှာဆိုပြဖို့
မဆုံးတဲ့တေးသွား
သံစဉ်စာသားလေးတွေကိုသီဆိုနေမိတယ်
ကောင်မလေးရေ
တစ်ယောက်ထဲနေရတဲ့အခါ
မင်းလေးကိုပြန်ဖတ်ပြဖို့
ချစ်သူမှတ်တမ်း
အလွမ်းဒိုင်ယာရီစာတမ်းလေးတွေရေးနေမယ်
တစ်ယောက်ထဲရှိတဲ့ ညကမ္ဘာမှာတော့
မဟူရာကောင်းကင်မှာ
ငွေစန္ဒာကိုထွန်းညှိပြီး
ကြယ်စဉ်ကိုရေတွက်ရင်း
ကောင်မလေးကိုလွမ်းနေမယ်
Thursday, September 4, 2008
ချစ်သူ ဒိုင်ယာရီ
Thursday, August 28, 2008
“ ချစ်မိတဲ့……..ငါအမှား ”
“ လျှောက်လမ်း”
လွမ်းခွင့်

တွေးကြည့်လိုက်ရင်
မနေ့တနေ့ကလိုဘဲ
အတိတ်ဆိုတာပြီးဆုံးသွားပြီလေ
ဒါပေမယ့် အလွမ်းတွေက
ရင်ထဲက တစ်နေရာမှာ
လွမ်းခွင့် ရှိနေဆဲပါ
နေ့စဉ်နဲ့အမျှ လွမ်းနေဆဲပါ
နွေရာသီရောက်တော့
ရော်ရွက်ကြွေတာကြည့်ပြီး
လွမ်းရ ဆွေးရ
မိုးရာသီရောက်တော့
မိုးဖွဲလေးတွေကိုကြည့်ပြီး
လွမ်းဆွတ်ရ
ဆောင်းရာသီရောက်ပြန်တော့
နှင်းတွေကြားမှာ
တစ်ယောက်ထဲ လွမ်းနေတာ
ဘယ်သူကမှမသိတာ
တကယ်တန်းကျတော့
လွမ်းတတ်ခဲ့ရင်
သဘာဝတရားကြီးက
အချိန်စက္ကန့်တိုင်းနဲ့အမျှ
လွမ်းလို့ရအောင်ဖန်တီးထားတာပါ
အတိတ်ဆိုတာပြီးဆုံးသွားပြီလေ
ဒါပေမယ့် အလွမ်းတွေက
ရင်ထဲက တစ်နေရာမှာ
လွမ်းခွင့် ရှိနေဆဲပါ
နေ့စဉ်နဲ့အမျှ လွမ်းနေဆဲပါ
နွေရာသီရောက်တော့
ရော်ရွက်ကြွေတာကြည့်ပြီး
လွမ်းရ ဆွေးရ
မိုးရာသီရောက်တော့
မိုးဖွဲလေးတွေကိုကြည့်ပြီး
လွမ်းဆွတ်ရ
ဆောင်းရာသီရောက်ပြန်တော့
နှင်းတွေကြားမှာ
တစ်ယောက်ထဲ လွမ်းနေတာ
ဘယ်သူကမှမသိတာ
တကယ်တန်းကျတော့
လွမ်းတတ်ခဲ့ရင်
သဘာဝတရားကြီးက
အချိန်စက္ကန့်တိုင်းနဲ့အမျှ
လွမ်းလို့ရအောင်ဖန်တီးထားတာပါ
Subscribe to:
Posts (Atom)






