Aug 28, 2008

“ ချစ်မိတဲ့……..ငါအမှား ”

မိုးရယ်…..

မတရားဘူးတဲ့လား

ပြောင်းလဲတတ်တဲ့လောကမှာ

ထာဝရတည်မြဲဖို့ကြိုးစားခဲ့တာကိုပါ။

နေ့ခင်းဘက်အမြဲ မရှိတဲ့နေ

ညဘက်အမြဲ မထွက်တဲ့

မှိတ်တုတ်မှိတ်တုတ် ပြောတဲ့ကြယ်

သူတို့ နဲ့ကြီးပြင်းခဲ့တဲ့မိုး

ကို နားလည်နိုင်ပါတယ်။

လောကဆန့်ကျင်ဘက်

အရွဲ့တိုက်ခဲ့တဲ့ ကိုယ့်အမှား

မိုး……..

နားလည်ပါစေ………..

ကိုသူ

“ လျှောက်လမ်း”

ငါ့နှလုံးသားကိုထုဆစ် အရာရာကိုပစ်ခွင်း အားလုံးနဲ့ဆန့်ကျင် မင်းနဲ့ငါက သက်သေ ရှေ့နေမငှားဘဲရင်ဆိုင် အချစ်ဆိုတဲ့ အဘိဓာန် ကမ္ဘာကိုပုံနှိပ် ထုတ်ဝေမယ်ချစ်သူ။ ကားဟောင်းပန်းချီ အရောင်တင်ပြမယ့်ပွဲ ဘောင်ဆွေးလို့ မဖြစ်ဘူး……။ ကိုသူ

လွမ်းခွင့်

အနေဝေးလို့လွမ်းမိပါတယ် တွေးကြည့်လိုက်ရင်
မနေ့တနေ့ကလိုဘဲ အတိတ်ဆိုတာပြီးဆုံးသွားပြီလေ ဒါပေမယ့် အလွမ်းတွေက ရင်ထဲက တစ်နေရာမှာ လွမ်းခွင့် ရှိနေဆဲပါ နေ့စဉ်နဲ့အမျှ လွမ်းနေဆဲပါ နွေရာသီရောက်တော့ ရော်ရွက်ကြွေတာကြည့်ပြီး လွမ်းရ ဆွေးရ မိုးရာသီရောက်တော့ မိုးဖွဲလေးတွေကိုကြည့်ပြီး လွမ်းဆွတ်ရ ဆောင်းရာသီရောက်ပြန်တော့ နှင်းတွေကြားမှာ တစ်ယောက်ထဲ လွမ်းနေတာ ဘယ်သူကမှမသိတာ တကယ်တန်းကျတော့ လွမ်းတတ်ခဲ့ရင် သဘာဝတရားကြီးက အချိန်စက္ကန့်တိုင်းနဲ့အမျှ လွမ်းလို့ရအောင်ဖန်တီးထားတာပါ
လွမ်းခွင့်
အလည်လာသောသူငယ်ချင်းများကို အထူးကျေးဇူးတင်ရှိပါသည်