
မိုးရယ်…..
မတရားဘူးတဲ့လား
ပြောင်းလဲတတ်တဲ့လောကမှာ
ထာဝရတည်မြဲဖို့ကြိုးစားခဲ့တာကိုပါ။
နေ့ခင်းဘက်အမြဲ မရှိတဲ့ “နေ”
ညဘက်အမြဲ မထွက်တဲ့ “လ”
မှိတ်တုတ်မှိတ်တုတ် ပြောတဲ့ “ကြယ်”
သူတို့ နဲ့ကြီးပြင်းခဲ့တဲ့ “မိုး”
ကို နားလည်နိုင်ပါတယ်။
လောကဆန့်ကျင်ဘက်
အရွဲ့တိုက်ခဲ့တဲ့ ကိုယ့်အမှား
မိုး……..
နားလည်ပါစေ………..။
ကိုသူ




1 comment:
အဖြစ်ပျက်ခြင်း တူလိုက်တာနော်....
တမင် ရေးထားသလား မှတ်ရတယ်..
ဘုရားစူး မိုးကြိုးပစ် တကယ် တူလိုက်တာ
Post a Comment