အမှတ်မထင် --ဆုံခွင့်ရတဲ့
နတ်သမီးရေ------
တိတ်ဆိတ်စွာ အိပ်မောကျနေတဲ့
နှလုံးသားကို နူညံ့ပျော့ပြောင်းတဲ့
လက်ကလေးနဲ့ ညှင်သာစွာ
လှုပ်နိုးခဲ့တယ်
မှုန်းဝါးဝါးနဲ့မျက်ဝန်းတစုံက
ဖွင့်ကြည့်လိုက်တော့
လှပတဲ့ နတ်သမီးတပါး
နူးညံတဲ့လက်ကလေးနဲ့
နှလုံးသားရဲ့ တံခါးကို
တွင်းခေါက်လိုက်ပြန်တော့
ရင်ခုန်မှုသံစဉ်တွေက
ချိုမြိန်ခဲ့တယ်
နတ်သမီးကအရမ်းလှနေတော့
ကြည့်မ၀အောင် ငေးမောရင်း
အရိပ်တချို့ကို ဖြူစင်စွာ
နမ်းရှိုက်ခဲ့မိတယ်
သူမရဲ့ အကြင်နာမျက်ဝန်း
နှင်းဆီရောင်နှုတ်ခမ်း
ညို့ငင်နိုင်တဲ့လှပတဲ့အပြုံးကြားမှာ
ရစ်မူးပြီး
နတ်သမီးကေ၀၀ါးစွာ
ပျောက်ဆုံးသွားလို့
အိပ်မောကျနေတဲ့ နှလုံးသားကတော့
နိုးထပြီး သူမကိုလွမ်းနေခဲ့တယ်
အိပ်မက်တို့ရဲ့နောက်ကွယ်မှာတော့
ချစ်များချစ်နေမိပြီလား
တွေဝေငေးမောရင်
နောက်တစ်ကြိမ် အိပ်မက်လေး
မက်ခွင့်ရဖို့ နှလုံးသားက
မျှော်လင့်နေမိတယ်
Jul 8, 2008
မက်ခွင့်
အမှတ်မထင် --ဆုံခွင့်ရတဲ့
နတ်သမီးရေ------
တိတ်ဆိတ်စွာ အိပ်မောကျနေတဲ့
နှလုံးသားကို နူညံ့ပျော့ပြောင်းတဲ့
လက်ကလေးနဲ့ ညှင်သာစွာ
လှုပ်နိုးခဲ့တယ်
မှုန်းဝါးဝါးနဲ့မျက်ဝန်းတစုံက
ဖွင့်ကြည့်လိုက်တော့
လှပတဲ့ နတ်သမီးတပါး
နူးညံတဲ့လက်ကလေးနဲ့
နှလုံးသားရဲ့ တံခါးကို
တွင်းခေါက်လိုက်ပြန်တော့
ရင်ခုန်မှုသံစဉ်တွေက
ချိုမြိန်ခဲ့တယ်
နတ်သမီးကအရမ်းလှနေတော့
ကြည့်မ၀အောင် ငေးမောရင်း
အရိပ်တချို့ကို ဖြူစင်စွာ
နမ်းရှိုက်ခဲ့မိတယ်
သူမရဲ့ အကြင်နာမျက်ဝန်း
နှင်းဆီရောင်နှုတ်ခမ်း
ညို့ငင်နိုင်တဲ့လှပတဲ့အပြုံးကြားမှာ
ရစ်မူးပြီး
နတ်သမီးကေ၀၀ါးစွာ
ပျောက်ဆုံးသွားလို့
အိပ်မောကျနေတဲ့ နှလုံးသားကတော့
နိုးထပြီး သူမကိုလွမ်းနေခဲ့တယ်
အိပ်မက်တို့ရဲ့နောက်ကွယ်မှာတော့
ချစ်များချစ်နေမိပြီလား
တွေဝေငေးမောရင်
နောက်တစ်ကြိမ် အိပ်မက်လေး
မက်ခွင့်ရဖို့ နှလုံးသားက
မျှော်လင့်နေမိတယ်
Subscribe to:
Post Comments (Atom)




No comments:
Post a Comment